PHYO Training  Centre

"We're Leading Your Way"

Virus ရှိမရှိ (သို့) Virus Folder ဟုတ်မဟုတ် သိရှိနိုင်ရန်

          ကွန်ပျူတာအသုံးပြုသူ တော်တော်များများသည် မိမိကြောင့် Virus မိမိစက်အတွင်းသို့ ၀င်ရောက်သွားသည်ကို များသောအားဖြင့် သတိမမူမိတတ်ကြပါ။ Virus တော်တော်များများ မိမိစက်အတွင်းသို့ ပျံ့နှံ့ ရောက်ရှိသွားသည်မှာ အသုံးပြုသူမှ Virus folder/files များကို မိမိဖိုင်အထင်နှင့် ဖွင့်မိ နှိပ်မိသဖြင့် ဆက်လက်ကူးဆက်ပျံ့နှံ့သွားခြင်း ဖြစ်ပါသည်။ ထို့အတွက် မိမိစက်အတွင်း (သို့) မိမိအသုံးပြုနေသော Memory Stick များနှင့် Folder များအတွင်း Virus ရှိနေ/မရှိနေ ကို အလွယ်တကူသိရှိနိုင် စေရန် အောက်ပါအတိုင်း ပြုလုပ်ထားသင့်ပါသည်။

  1. မိမိ Computer ရှိ My Computer (သို့) Explorer သို့သွားရောက်၍ Tools>Folder Option ကို ၀င်လိုက်ပါ။

2.  ၄င်းနောက် View Tab ကိုဖွင့်လိုက်ပါ။ Default Setting ကိုအောက်ပါအတိုင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
3.  ၄င်းကို အောက်ပါအတိုင်း ပြင်ထားလိုက်ပါ။

3.1   Show hidden files,folder and drives ,

3.2   Hide empty drives in the Computer folder

3.3   Hide extension for known file types

3.4   Hide protected operating system files(Recommended)  တို့ကို ဖော်ပြပါအတိုင်း အမှန်ခြစ်များဖြုတ်ပြီး ထားပါ။

မှတ်ချက် [ 3.4 ကို ပြုလုပ်စဉ် သတိပေးစာပေါ်လာပါမည်။ OK ကိုသာ နှိပ်လိုက်ပါ။၎င်းသည် ပုံမှန်အားဖြင့် User များကို မတွေ့မြင်စေလိုသော System files များကို ပိတ်ထားခြင်းဖြစ်ပါသည်။သို့သော် Virus အများစုသည် မိမိ၏ မူရင်း  files များကို System files များအသွင်ဖြင့် ဖျောက်ထားတတ်သဖြင့် ၄င်းကိုပါ ဖွင့်ထားရန်လိုပါသည်။]

4.   ထိုသို့ပြုလုပ်ထားပြီဆိုလျှင် မိမိအနေဖြင့် Virus folder/files များကို လွယ်လင့်တကူ ခွဲခြားနိုင်ပြီဖြစ်ပါသည်။

ဥပမာအားဖြင့်

          မိမိ Folder/Drive များအတွင်း Virus ရှိနေသည်ဆိုပါက အထက်ပါ အချက်များကို မပြုပြင်လိုက်မီတွင် အောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်ပါသည်။


     5.  ၄င်းမြင်ရသော Folder သည် Virus Folder လည်း ဖြစ်နိုင်ပါသည်။ထို့အတွက် ၄င်းကို သိရှိနိုင်ရန် အထက်ဖော်ပြပါအစီအစဉ်များကို ပြုလုပ်ထားခြင်းဖြင့်  သိရှိနိုင်ပါသည်။ အကယ်၍ Virus Folder ဆိုပါက အောက်ပါအတိုင်း မိမိတို့ မြင်တွေ့နိုင်ပါသည်။

   Virus များသည် မိမိမူရင်း Folder များကို ဖျက်ပစ်ခြင်း မဟုတ်ပါ။ ဖွက်ထားခြင်းသာဖြစ်ပါသည်။ ထိုသို့ ဖွက်ထားပြီး ၄င်း၏ Folder အတုကို အမြင်မှားစေရန် Folder နောက်တွင် .exe ခံပြီး ထားခြင်းဖြစ်ပါသည်။မိမိ Folder အစစ်အမှန်ကို Hidden ဖြင့် တွေ့မြင်ရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Location တစ်ခုအတွင်းတွင် File name တူထားရှိခွင့်မရှိပါ။ ထို့အတွက် မိမိတို့ပိုင်ဆိုင်သော Folder နှင့် တူညီစေရန် Name ကို အတူပေးပြီး နောက်တွင် .exe ဖြင့် Application Extension ဖြစ်စေကာ မူရင်း Folder Option ရှိ လုပ်ငန်းစဉ်များအရ Extension ကိုဖျောက်ထားစေခြင်း ဖြစ်ပါသည်။ ထိုမှသာ အသုံးပြုသူမှ ၄င်း Folder အတုကို မိမိ Folder ဟုထင်မြင်စေကာ သွားရောက် ဖွင့်မည်ဖြစ်သည်။ ထိုသို့ဖွင့်မှသာ Virus သည် အသုံးပြုသူ၏စက်အတွင်းသို့ အသုံးပြုသူ၏ ခွင့်ပြုချက်ဖြင့် ၀င်ရောက်နိုင်မည်ဖြစ်ပါသည်။

       ထို့ကြောင့် Folder Option အတွင်းရှိ Setting အချို့ကိုပြင်ဆင်ထားခြင်းအားဖြင့် Virus Folder များကို လွယ်လွယ်ကူကူသိရှိနိုင်ပြီး တွေ့မြင်ရသော .exe ဖြင့်ဆုံးထားသည့် Folder များကို ဖွင့်မိခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ၄င်း Folder များကို Shift+Delete ဖြင့် ကွန်ပျူတာအတွင်းမှ အပြီးတိုင် ဖျက်ပစ်နိုင်ပါသည်။ မိမိ Folder မဟုတ်ပါ။ မိမိ Folder မှာ အမည်မှန်နှင့် Hidden ဖြစ်နေသော Folder ဖြစ်ပါသည်။ ၄င်းအတွင်းမှ Files များကို ဖွင့်လှစ်ရယူနိုင်ပြီဖြစ်ပါသည်။

 

 

                                                                                                                                                                 အောင်ပြည့်ဖြိုး[PHYO Training Centre]

go back to the top