Digital Marketing Course


          Digital နည်းပညာပိုင်းဆိုင်ရာအကူအညီဖြင့် ဈေးကွက်ရှာဖွေခြင်း၊ Online အသုံးချပြီး ဈေးကွက် ချဲ့ထွင်ခြင်း နှင့် မိမိလုပ်ငန်းကို လူအများအလျှင်အမြန်သိရှိစေလိုခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာကို နည်းပညာအကူအညီဖြင့် ချိတ်ဆက်ဖြည့်ဆည်းခြင်း များကို စိတ်ပါဝင်စားသူများအတွက် ICDL Digital Marketing Course ကို PHYO Training Centre တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

          International Computer Driving License Foundation (ICDL Foundation) ကြီးမှ ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များပူးပေါင်းကာ ရေးဆွဲထားပြီး ကမ္ဘာ့နိုင်ငံပေါင်း 150 ကျော်တွင် သင်ကြားပို့ချပေးနေသော ICDL Digital Marketing Course Syllabus 1.0 ကိုသင်ကြားပေးသွားမည်ဖြစ်ပြီး PHYO Training Centre မှ Provided ပြုလုပ်ပေးထားသော ICDL Course Book ဖြင့်သင်ယူရမည်ဖြစ်ပါသည်။

          သင်တန်းတွင် အဓိက ကဏ္ဍကြီး (၆) ခုနှင့် ကဏ္ဍခွဲ(၁၈) ခုကိုပေါင်းစပ်ကာ သင်ကြားပေးမည်ဖြစ်ပြီး၊ ပြည်တွင်း လိုအပ်ချက်သာမက ပြည်ပ လိုအပ်ချက်များနှင့် လျော်ညီအောင် သင်ကြားပေးသွားမည်ဖြစ်ပါသည်။အဓိက ကဏ္ဍကြီး (၆)ခုအဖြစ် Digital Marketing Concepts ကဏ္ဍတွင် Key concepts ,Online Marketing planning ရေးဆွဲခြင်း အကြောင်းအသေးစိတ်ကို သင်ကြားရမည်ဖြစ်ပြီး Web Presence ကဏ္ဍတွင် Web Presence Options များဖြစ်သော content management systems အကြောင်းများ, Website Considerations များအနေဖြင့် Website Structure , Website Design , Website Content , Website Promotion များအကြောင်းအပြင် Website တစ်ခု၏ အရေးအကြီးဆုံးလုပ်ငန်းဆောင်တာဖြစ်သော Search Engine Optimization (SEO) အကြောင်း၊ Google Advertising Platforms အကြောင်းကိုလည်း ပြည့်ပြည့်စုံစုံ လေ့လာသင်ကြားရမည်ဖြစ်ပါသည်။ Social Media Setup အဖြစ် Social Media Platforms , Social Media Accounts များအပြင် ပြည်တွင်းတွင်ခေတ်စားနေသော Facebook Advertising Methods များအကြောင်း၊ Social Media Management ကဏ္ဍတွင် Social Media Management Services , Marketing and Promotion Activities , Engagement , Lead Generation and Sales များအကြောင်းကို သင်ကြားရမည်ဖြစ်ပါသည်။

          Online Marketing & Advertising ကဏ္ဍတွင် Online Advertising , E-mail Marketing , Mobile Marketing စသည့် နည်းစနစ်များ၊ Analytics ကဏ္ဍတွင် မိမိ၏ Advertising ပိုင်းဆိုင်ရာများအတွက် Web Analytics , Social Media Insights , E-mail Marketing and Online Advertising Analytics များအကြောင်းကိုပါ ပြည့်စုံစွာ သင်ထောက်ကူပစ္စည်း စုံလင်စွာဖြင့် သင်ကြားရမည်ဖြစ်ပါသည်။

          သင်တန်းပြီးဆုံးပြီးပါက International Exam ဖြေဆိုကာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရယူထားကြလိုသူများအတွက် Exam Series ကို တစ်ပါတည်း တက်ရောက်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာအသိအမှတ်ပြု ICDL Digital Marketing စာမေးပွဲကိုလည်း PHYO Training Centre တွင်ပင် ဖြေဆိုနိုင်မည်ဖြစ်ပြီး ဖြေဆိုအောင်မြင်ပါက ICDL Foundation မှ ချီးမြှင့်သော နိုင်ငံပေါင်း (၁၅၀) ကျော်အသိအမှတ်ပြုလက်မှတ်ကို ရရှိမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ပြီး စာမေးပွဲဖြေဆိုမည့် သင်တန်းသားများအားလုံးကိုလည်း PHYO Training Centre မှ Exam Preparation ကိုအခမဲ့ ပေးသွားမည်ဖြစ်ပြီး Registration , Online အစမ်းဖြေစာမေးပွဲ (၃) ကြိမ်အခမဲ့ ဖြေဆိုနိုင်ရန်အတွက်လည်း စီစဉ်ပေးသွားမည်ဖြစ်ပါသည်။

          သင်တန်းကာလအားဖြင့် (၁) လခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကို တစ်ပတ်လျှင် (၂) ရက်သင်တန်းနှင့် အချိန်မအားလပ်သော ရုံးသမားများအတွက် တစ်ပတ်လျှင် (၁) ရက် တနင်္ဂနွေ သီးသန့် သင်တန်းများကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းတစ်ခုလျှင် ဦးရေ အများဆုံး(8) ဦးအထိသာ လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်လိုသည့် သင်တန်းအချိန်ကို ကြိုတင် စာရင်းပေးသွင်း အပ်နှံထားရမည်ဖြစ်ပါသည်။ နိုင်ငံတကာတွင်သင်ကြားနေသော Ditital Marketing အကြောင်းကို စိတ်ပါဝင်စားသူများအနေဖြင့် www.icdlasia.org နှင့် www.phyo.org တို့တွင်ဝင်ရောက်လေ့လာနိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် PHYO ICDL Accredited Test Centre ၊ အမှတ် (၁၃၊၁၆) ပထမထပ်၊ အောင်တော်မူလမ်း(ဂမုန်းပွင့်ကုန်တိုက်ဘေး)၊မြေနီကုန်း စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်လာရောက်စုံစမ်းအပ်နှံနိုင်ပြီး ဖုန်းဖြင့်ဆက်သွယ်စုံစမ်းလိုသူများအတွက် Hotline : 09427791205 မှ 9 အထိ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းတက်ရောက်နိုင်ပါသည်။

Address

No.16, 1st floor , Aung Taw Mu St,
Myaynigone , Sanchaung Township,
Yangon , Myanmar.

Contact

(+95)09427791205~9
[email protected]

Hours

Mon-Fri: 9:00am - 7:00pm

Sun: Closed

Social

PHYO Training Centre