PHYO Training  Centre

"We Leading Your Way"

 

 

 

3Ds Max Professional With Animation Course

    နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းခွင်များတွင် 3D Designer များအဖြစ် ၀င်ရောက်လုပ်ကိုင်လိုသူများအတွက်သော်လည်းကောင်း၊ ကိုယ်ပိုင် Design ရေးဆွဲခြင်းလုပ်ငန်းကိုလုပ်ကိုင်လိုသူများအတွက် 3Ds Max ဖြင့် Interior/Exterior Design များရေးဆွဲငြင်းနှင့် ရေးဆွဲပြီးသော Project များကို Animation ပြကွက်များဖြင့် ပြသခြင်းများကို လေ့လာသင်ကြားရမည့် Professional Level အဆင့်သင်တန်း တန်းခွဲသစ်ကို PHYO Training Centre တွင် August တတိယပတ် တွင်တန်းခွဲသစ်ကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။သင်တန်းရက်များအနေဖြင့် တနလာင်္-အင်္ဂါ နှင့်  စနေ-တနင်္ဂနွေရက်များ  ဖြစ်ပြီးသင်တန်းချိန်များကို ရုံးချိန်တွင်း နှင့် ရုံးချိန်ပြင်ပဟူ၍          ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။ တန်းခွဲတစ်ခုလျှင် ဦးရေ ၆ ဦးသာ လက်ခံသင်ကြားမည် ဖြစ်ပြီး သီးသန့် သင်ကြားလိုသူများအတွက်လိုအပ်သလို ညှိနှိုင်း ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည်။
    သင်တန်းတွင် 3Ds အခြေခံသဘောတရားများနှင့် 2D သဘောတရားများ၊ ကောက်ကြောင်းများ ရေးဆွဲခြင်း၊ 3D Modelingတည်ဆောက်ခြင်း၊ Material Effects များထည့်သွင်းအသုံးပြုခြင်း၊ Lighting Effects များထည့်သွင်းအသုံးပြုခြင်း၊Perspective Angle များဖြင့် Camera များချိန်ညှိခြင်း၊ Scanline Renderer , Metal Ray Renderer, V-rayrenderer Engine များအသုံးပြုပြီး Quality အမျိုးမျိုးဖြင့် ပုံများထုတ်ခြင်း၊ များကို သင်ကြားရမည် ဖြစ်ပါသည်။သင်တန်းကို Exterior နှင့် Interior ခွဲခြားထားခြင်းမရှိဘဲ၊ Course တစ်ခုတွင် Interior ရော Exterior ပါ ပေါင်းစပ်သင်ကြားရေးဆွဲရမည် ဖြစ်ပါသည်။ Exterior Scene များအတွက် Modeling ပိုင်းတစ်ခုတည်းသာမကEnvironmental Effects များဖြစ်သော၊ လူ၊ ကား၊ သစ်ပင်၊ မြေကြီး၊တောင်ကုန်း၊ ရေ၊ ကောင်းကင်၊ တိမ်တိုက်များ၊ သစ်တောများ၊  ရေးဆွဲခြင်းကိုပါ ပေါင်းစပ် သင်ကြားရမည် ဖြစ်ပါသည်။ Interior Scene များအတွက်မူအခန်းတွင်းဖွဲ့စည်းမှုများတွင် လိုအပ်သော၊ ထိုင်ခုံ၊ Sofa၊ Accessoriesများ၊ ခုတင်၊ခေါင်းအုံး၊ခန်းစီး၊လိုက်ကာများ၊
စားပွဲများ၊ Light Models များပါမကျန် Detail ရေးဆွဲခြင်းကို သင်ကြားရမည် ဖြစ်ပါသည်။ ၄င်းသင်တန်းတွင် V-rayEffects အထူးပြု သင်ကြားရမည်ဖြစ်ပြီး၊ Quality ကောင်းမွန်သော နိုင်ငံတကာအဆင့်မီ ပုံများကိုအချိန်တိုအတွင်း Render ပြုလုပ်နိုင်မည့် နည်းစနစ်များကိုပါ တစ်ပါတည်းသင်ကြားရမည် ဖြစ်ပါသည်။
    ထို့အပြင်လည်း နိုင်ငံတကာတွင်ရေပန်းစားနေသော Interior/Exterior Animation ပြုလုပ်ခြင်းများကိုလည်း သင်ကြားရမည်ဖြစ်ပြီး၊ မိမိရေးဆွဲထားသော Project များကို 3D Animation Video များဖြင့်
ထုတ်လုပ်ပြသခြင်းများကိုလည်း တတ်မြောက်မည် ဖြစ်ပါသည်။
    တက်ရောက်မည့်သူများကို စာတွေ့လက်တွေ့ရေးဆွဲခြင်းသာမက ၊ လုပ်ငန်းခွင်အတွင်းတွေ့ကြုံရမည့်ပြဿ        နာအဖြေရှာခြင်းများ၊ စဉ်းစားတွေးခေါ်ခြင်းဆိုင်ရာ Concepts များကိုလည်း သင်ကြားပေးသွားမည် ဖြစ်ပါသည်။
သင်တန်းကာလအနေဖြင့် ၃လ ကြာမြင့်နိုင်မည်ဖြစ်ပြီး၊ မိမိအမှန်တကယ် တတ်မြောက်ပြီးစီးပြီး၊ Project
လုပ်နိုင်ပြီဆိုမှသာလျှင် သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။
Course Outlines
-Basic Modeling                             -Advanced Modeling                      -Video Editing
-Material Effects                            -Texture Creation                              -Creating DVD
-Lighting System                          -Video Special Effects                   -Subtitles
-Rendering Video                          -Animation                                           -Environments Creation