top of page

3Ds Max Professional Training

သာစွရွှေဘုံ ဓမ္မာရုံကျောင်းတော်ကြီး
Mizoram Monasetry
Exterior Secne
Interior Design
2 Story with Hip Roof (20 D)
Breakfast Scene
Quanyin Temple
3 Story 1

Professional lessons on 3Ds Max can be obtained at the PHYO Training Institute. You can check out the training courses that we offered with Online and In-class sections.

3Ds Max

Professional 

3Ds Max

Advanced Rendering with V-ray

3Ds Max

Construction Animation

3Ds Max

Professional  with Animation

3Ds Max Professional Training

3Ds Max ၏ အခြေခံ အသုံးချနည်းများနှင့် Modeling ပိုင်းကို ပိုင်နိုင်ကျွမ်းကျင်အောင် သင်ကြားပေးပါသည်။၎င်းတွင် 3Ds Max ဖြင့် Model ဖန်တီးခြင်းအတတ်ပညာ ၊ Material နည်းစနစ် အမျိုးမျိုး အသုံးချ၍ မိမိ၏ဖန်တီးမှုအား သက်ဝင်အောင် ပြုလုပ်ခြင်းအတတ်ပညာ၊ ဖန်တီးထားသော Model များကို သဘာဝအလင်းရောင် ဖန်တီးပြုလုပ်ခြင်း အတတ်ပညာ၊ သဘာဝရေ ဖန်တီးပြုလုပ်ခြင်း အတတ်ပညာ၊ ကုန်းမြေ လွင်ပြင်များ၊ ရေတံခွန်များ ဖန်တီးခြင်း အတတ်ပညာ၊ သစ်တောများ ဖန်တီးခြင်း ၊တောအုပ်များ ဝေေ၀ဆာဆာ ပြုလုပ်ဖန်တီးခြင်းအတတ်ပညာ၊ Special Effects နှင့်ပါတ်သက်သော အထူးပြုလုပ်ချက်များ၊ Photoshop Effect အသုံးပြုစရာမလိုဘဲ ရှုခင်းတစ်ခုလုံးကို ပြီးပြည့်စုံအောင် ဖန်တီးခြင်း အတတ်ပညာများ၊ Exterior နှင့်ပါတ်သက်သော အခြေခံအချက်အလက်များနှင့် ၎င်းတို့ကို ဖန်တီးတည်ဆောက်ခြင်း အတတ်ပညာ….

          Interior ပိုင်းနှင့်ပါတ်သက်၍လည်း အခန်းတစ်ခုကို ဖွဲ့စည်းတည်ဆောက်ခြင်း၊ အခန်းတွင်း ပစ္စည်းများ ဖြစ်ကြသော Sofa , Chair , ကုတင်များ၊ မွှေ့ယာများ၊ ခေါင်းအုံးများ၊ စောင်၊ ပန်းအိုး၊ ခန်းဆီးလိုက်ကာများ၊ မျက်နှာကြပ်များ၊ပန်းချီကားများ၊ အိမ်တွင်းအသုံးအဆောင် ပန်းကန်ခွက်ရောက်များ၊ ဇွန်းများ…..etc..အစရှိသည်တို့ကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်မည့်အပြင်၊ အခန်းတွင်း၏ အဓိက လိုအပ်ချက် အလင်းရောင် ဖန်တီးခြင်း၊ သဘာဝအလင်းပြန်မှု သဘောတရားကို လက်တွေ့ လုပ်ဆောင်ခြင်း၊ ဖောင်းကြွဖြစ်တည်မှုကို ပုံဖော်ဖန်တီးခြင်း၊ အလင်းယိုင်ခြင်းနည်းစနစ် ၊ အလင်းဖောက်ခြင်း နည်းစနစ်များကို ပြည့်ပြည့်စုံစုံ သင်ကြားတတ်မြောက်နိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါကလည်း လုပ်ငန်းခွင်ကို တိုက်ရိုက် ဝင်ရောက် နိုင်ကြမည်ဖြစ်ပါသည်။ လက်တွေ့လုပ်ငန်းခွင်တွင် ရေးဆွဲရမည့် ပုံစံများကို ဖန်တီးတည်ဆောက်ပြီး မှသာလျှင် သင်တန်းပြီးဆုံးမည် ဖြစ်ပါသည်။

          အခြားသော လိုအပ်သည့် Plugins များအသုံးပြုနည်း၊ မိမိစက်အတွင်းသို့ ထည့်သွင်းနည်း၊ Plugins Software ကြီးများဖြင့် တွဲဖက် အသုံးပြုနည်းများကိုလည်း ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်နိုင်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်သူများအတွက် လိုအပ်သော Textures များ၊ Plugins များ၊ Models များ၊ ပြန်လည် လေ့လာသင်ယူနိုင်မည့် Lecture Video များစွာတို့ကို ပေးအပ်ပြီး အတတ်သင် သင်ကြားပေးကြောင်း သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။လုပ်ငန်းခွင် အမှန်တကယ် ဝင်ရောက်လိုသူများအတွက် ရည်ရွယ် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

Max Pro
Vray

3Ds Max Advanced Rendering with V-ray Course

֍֍֍ဘယ်လိုလူတွေ တက်ရောက်နိုင်သလဲ?


3Ds Max ကိုအခြေခံရှိပြီးသူများ၊ Professional Visualization ပိုင်းကို နားလည်တတ်ကျွမ်းလိုသူများ၊ Architect များ၊ 3D Designer များနဲ့ လုပ်ငန်းခွင်အတွင်း ဝင်ရောက်နေပြီးသူများ တက်ရောက်နိုင်ပါတယ်။


֍֍֍ဘာတွေရည်ရွယ်ထားသလဲ?

Professional Designer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် Modeling သာမက Rendering ပိုင်းကိုလည်း ပိုင်နိုင်ကျွမ်းကျင်ဖို့လိုပါတယ်။ Model ဘယ်လောက်ပဲကောင်းကောင်း Visualization ဖန်တီးမှုပိုင်းမှာ အားနည်းနေရင်တော့ ကောင်းမွန်လှပတဲ့ ပုံတစ်ခု ထွက်လာမှာမဟုတ်ပါဘူး။ ဒါကို ဖြည့်ဆည်းပေးဖို့ရည်ရွယ်ပြီး Advanced Rendering with V-ray Course ကို PHYO Training Institute က ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။


֍֍֍သင်တန်းတက်ဖို့ဘာတွေလိုအပ်သလဲ?

3Ds Max Modeling ပိုင်း ပိုင်နိုင်ကျွမ်းကျင်ပြီးသားဖြစ်ရပါမယ်။ ဒီ Course က V-ray Specialize သီးသန့် သင်ကြားမှာ ဖြစ်တဲ့အတွက် Modeling ပိုင်း မပါဝင်ပါဘူး။ ကိုယ်တိုင်က Max ကို Touching ရှိနေတယ်။ V-ray Rendering ပိုင်းကို ပိုမိုကောင်းမွန်အောင် လေ့လာချင်တယ်ဆိုတဲ့သူတွေအတွက်ပါ။တကယ်လို့ Modeling ပိုင်း မပိုင်နိုင်သေးဘူးဆိုရင်တော့ PHYO Training Institute မှာ ဖွင့်လှစ်သင်ကြားနေတဲ့ Professional Course ကို တက်လို့ရပါတယ်။


֍֍֍ဘယ်လိုဆရာတွေက ဘယ်လိုနည်းစနစ်နဲ့ သင်မှာလဲ?

အစိုးရ Project တွေ၊ Animation Projects တွေကို ရေးဆွဲပေးနေပြီးတော့ Modeling ပိုင်းနဲ့ Visualization ပိုင်း ပိုင်နိုင်ကျွမ်းကျင်ပြီးသားဆရာတွေက သင်ကြားပေးမှာပါ။ Projection Method တွေအပြင်၊ Team work methods ၊ Critical Thinking ၊ Error Management Method တွေနဲ့ပါသင်ကြားပေးမှာပါ။ သင်ကြားတဲ့ပုံစံအသေးစိတ်နဲ့ ဆရာတွေရဲ့ကျွမ်းကျင်မှုကိုတော့ အနီးအနားမှာရှိတဲ့ တက်ဖူးတဲ့သူတွေကို မေးကြည့်ရင်လည်း သိနိုင်ပါတယ်။ အဓိကကတော့ တစ်ဦးချင်းစွမ်းရည်တိုးတက်ဖို့ ရည်ရွယ်ပြီးတော့ မိသားစုပုံစံနဲ့ သင်ကြားပေးမှာပါ။ Photoshop Effects မပါဝင်ဘဲ ကောင်းမွန်လှပတဲ့ ပုံရိပ်ဖန်တီးခြင်းတွေကို လေ့လာရမှာပါ။


֍֍֍ဘာတွေသင်ကြားပေးမှာလဲ?

V-ray ရဲ့ Special Features တွေအပြင် အောက်ပါ Outline အတိုင်း သင်ကြားပေးမှာပါ။ Exterior Rendering သာမက Interior Rendering ပိုင်းတွေကိုပါ သင်ကြားရမှာပါ။ Outline ကိုလည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

1. Vray Physical Camera ဖန်တီးတည်ဆောက်ခြင်းအကြောင်းတွေ

2. Vray HDRI ကိုအသုံးပြုပြီး ပကတိပြင်ပအတိုင်း ပုံရိပ်တွေကို ဖန်တီးခြင်းတွေ၊

3. Vray Fur ကိုအသုံးပြုခြင်းတွေ၊

4. Camera match နဲ့ ပြင်ပ ပုံရိပ်တွေနဲ့ ထပ်တူအမြင်ကျအောင်ဖန်တီးခြင်းတွေ၊

5. Panorama 360 Degree ပုံရိပ်တွေကို ဖန်တီးခြင်းတွေ၊

6. Vray Advanced Texture Maps တွေအကြောင်း၊ ကိုယ်တိုင်ဖန်တီးတတ်အောင်သင်ကြားခြင်းတွေ၊

7. Advanced Vray Materials အကြောင်းတွေ၊

8. Advanced Lighting System တွေဖြစ်တဲ့
a. Vray Lights တွေနဲ့
b. Photometric Lights တွေအကြောင်းအပြင်

9. Antialiasing Methods တွေအကြောင်းမှာ မပါမဖြစ်တဲ့
a. Texture antialiasing
b. G-Buffer based antialiasing
c. Randomized antialiasing
d. Antialiasing filters and moire effects
စတဲ့ အကြောင်းအရာတွေနဲ့ ဖန်တီးပုံ

10. Advanced Rendering Methods တွေအဖြစ်နဲ့
a. Network Rendering လို့ခေါ်တဲ့ Computer တွေအများကြီး နဲ့ ချိတ်ဆက် Render ပြုလုပ်ခြင်းတွေ။
b. Bucket Rendering အကြောင်းတွေ
c. Realistic Environment ထည့်သွင်းတည်ဆောက်ခြင်းတွေ

11. Time Reduced-Special Rendering လို့ခေါ်တဲ့ အချိန် အနည်းငယ်ပေးရုံနဲ့ ကောင်းမွန်လှပတဲ့ Professional ပုံရိပ်ရရှိအောင် Render ချတဲ့ Secret နည်းလမ်းတွေအကြောင်း တွေကိုလည်း လေ့လာကြရမှာပါ။

12. နောက်ဆုံးအနေနဲ့ Computer Performance ကိုလိုသလိုအသုံးချပြီး Specialized Rendering ပြုလုပ်နိုင်တဲ့ နည်းစနစ်တွေအပြင်၊ Render ပြုလုပ်မယ့် Computer တစ်လုံးကို ဘယ်လိုတွေ System Setting ပိုင်းပြုပြင်ထားရမလဲဆိုတဲ့အချက်တွေကိုပါ လေ့လာသိရှိနိုင်ဦးမှာပါ။

တစ်ခြားသော လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ ထောက်ပံ့ပေးသွားဦးမှာလည်း ဖြစ်ပါတယ်။
ဒီထက်မကတဲ့သင်ကြားမှုပေါင်းများစွာကိုလည်း ရရှိကြဦးမှာဖြစ်ပါတယ်။
တခြားဝန်ဆောင်မှုတွေကကော?
သင်တန်းကျောင်းတစ်ခုရဲ့ မရှိမဖြစ်ပေးနေကျ ဝန်ဆောင်မှုတွေဖြစ်တဲ့ Coffee, Tea , Cold Drink , Wifi Access , Learning DVDs, Note book , Bag , Pen စတဲ့ အခြေခံပစ္စည်းအားလုံးကို ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

3Ds Max Construction Animation Course

​ယနေ့ခေတ်တွင် အရေးပါလာပြီဖြစ်သော လုပ်ငန်းခွင် Animation ပညာရပ်ကို သင်ယူလေ့လာရမည်ဖြစ်ပါသည်။ 3Ds Max ကိုအသုံးပြု၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွက်လည်းကောင်း၊ အခြားသော လုပ်ငန်းခွင်တိုင်းအတွက် လိုအပ်သည့် အဆင့်ဆင့်သော တည်ဆောက်ပုံများ၊ ပြောင်းလဲမှုများကို ထင်သာမြင်သာရှိစေမည့် Animation ဖြင့် ပြသခြင်းကို တတ်မြောက်လိုသူများအတွက် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ပါသည်။ 3Ds Max အခြေခံရှိပြီး သူများတက်ရောက်နိုင်သလို အခြေခံမရှိသေးသူများအတွက်လည်း Professional Course နှင့် ပူးတွဲ တက်ရောက်နိုင်ပါသည်။

Ani