“Office Essentials – Business Presentation အတွက်လေ့လာထားသင့်သည်များ”
Presentation သည် မျက်မှောက်ခေတ်တွင် လွန်စွာအရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်နေပြီဖြစ်ရာ မိမိကုန်ပစ္စည်းအတွက်လည်းကောင်း၊ အစည်းအဝေးပွဲများတွင်လည်းကောင်း၊ လုပ်ဆောင်မှုကဏ္ဍအသီးသီးတွင် လွယ်ကူလျှင်မြန်စွာသဘောပေါက်နိုင်စေရန် အသုံးပြုနေကြသည်လည်း ဖြစ်ပါသည်။
ထို့အတွက် လုပ်ငန်းခွင်အသုံးချ Presentation ပိုင်းနှင့်ပတ်သက်၍ သိရှိလေ့လာထားသင့်သည်များကို စုစည်းဖော်ပြလိုက်ရပါသည်။ Presentation တစ်ခုဖြစ်မြောက်စေရန်အတွက် အောက်ပါ ကဏ္ဍများ လိုအပ်ပါသည်။
1. Presentation Planning
2. Slide Master and Templates
3. Graphical Objects
4. Charts and Diagrams
5. Multimedia
6. Enhancing Productivity
7. Managing Presentations
1. Presentation Planning
Audience & Environment
ဤကဏ္ဍတွင် အရေးကြီးသည့်အချက်မှာ Presentation ကြည့်ရှုမည့်သူများ၏ Demography ကိုသိရှိထား ရန်လိုအပ်သည်။ ၎င်းမှာ အသက်အရွယ်၊ ပညာရပ်ဆိုင်ရာ နားလည်သဘောပေါက်နိုင်မှု၊ အလုပ်အကိုင်၊ ယဉ်ကျေးမှုနောက်ခံ စသည်တို့ပါဝင်သည်။
၎င်းအပြင် Presentation ပြုလုပ်မည့်နေရာ၏ Lighting အနေအထား၊ Presentation ပြုလုပ်ရန်လိုအပ်သည့် ပစ္စည်းများအခြေအနေ၊ အခန်းပမာဏ၊ နှင့် Layout အပြင်အဆင်တို့ကိုလည်း သိရှိနားလည်ထားရန်လိုအပ်ပါသည်။
Design, Content & Layout
Presentation တစ်ခု၏ ကြာချိန်နှင့် ဒီဇိုင်းအပြင်အဆင်သည်လည်း အရေးကြီးသည်။ မိမိရရှိထားသော သတ်မှတ်သည့်အချိန်တစ်ခုအတွင်း ပြီးစီးနိုင်မည့် Presentation တစ်ခုကိုဖန်တီးထားရန်လိုအပ်သည်။ ၎င်းအပြင် Slide တစ်ခုချင်းစီအတွက် ကြာချိန်ကိုလည်း ထည့်သွင်းစဉ်းစားထားရမည်ဖြစ်သည်။ တစ်ခုနှင့် တစ်ခု ကြာချိန် တူညီမည်မဟုတ်သဖြင့် မိမိပေးလိုသည့် Information ကို ရရှိနိုင်လောက်သည့် ကြာချိန်ဖြစ်ရန် လိုသည်။
Presentation Slide တစ်ခုတွင်အသုံးပြုမည့် စာသားများနှင့် ရုပ်ပုံများကိုလည်း ပေးလိုသည့် သတင်း အချက်အလက်ဖြစ်စေရန် အလေးထားပြင်ဆင်ထားရမည်။ ကြည့်ရှုမည့်သူများ၏ အသက်အရွယ်၊ အလုပ်အကိုင်များပေါ်မူတည်၍ ၎င်းအချက်ကို ထည့်သွင်းပြင်ဆင်ရေးဆွဲထားရန်လိုအပ်ပါသည်။
အထက်ပါ အကြောင်းကိစ္စရပ်များသည် Presentation တစ်ခုပြုလုပ်မည့်သူများအတွက် ကြိုတင် ပြင်ဆင်ထားစရာများဖြစ်ပါသည်။
2. Slide Masters and Templates Slide Masters
၎င်းသည် Presentation Slide တစ်ခုကိုဖန်တီးတော့မည်ဆိုလျှင် အလွန်အသုံးဝင်သည့် ကဏ္ဍတွင် ပါဝင်ပါသည်။ ပြုလုပ်မည့်သူသည် Presentation slides ပေါင်းများစွာကို ပြုလုပ်ရန်ရှိသည်ဆိုပါက Slide တစ်ခုချင်းစီအတွက် Text Styles များ၊ Fonts Styles များ၊ ကဏ္ဍခွဲခေါင်းစဉ်များအတွက် လိုအပ်သည့် အပြင်အဆင်များကို တစ်ခုစီတွင် လိုက်လံပြင်ဆင်စရာမလိုအပ်ဘဲ ၎င်း Slides Master အတွင်းတွင် ဝင်ရောက်ပြင်ဆင်ထားယုံဖြင့်၊ Slides များအားလုံးတွင် အကျိုးသက်ရောက်စေမည်ဖြစ်ပါသည်။ ၎င်းကို ပြုလုပ်ရန်အတွက် View Tab အတွင်းရှိ Master Views ကဏ္ဍတွင်ရှိသော Slide Master ကိုရွေးပြီး ဖန်တီးပြုလုပ်နိုင်သည်။

Master View Icon
၎င်းမှ Slide Master ကိုရွေးခြယ်လိုက်ပါက Edit ပြုလုပ်နိုင်မည့် View တစ်ခုကို ဖန်တီးပေးမည်ဖြစ်ပြီး မိမိမှ အလိုရှိသည့် နေရာအလိုက် ပြုပြင်မှုများကို ကြိုတင်ဖန်တီးထားနိုင်သည်။ အောက်ပါပုံကိုလေ့လာကြည့်ပါ။

Slide Master Example
မိမိအလိုရှိသည့် ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ပြီးပါက ၊ ညာဘက်အပေါ်ထောင့်ရှိ Close Master View ဖြင့် ပြန်လည်ပိတ်ထားနိုင်ပါသည်။
Slide Master ကဏ္ဍအတွင်း ပြုပြင်ဖန်တီးထားနိုင်သည့်အချက်များမှာ Title Master , fonts , bulleted list format , background colour and fill effects , placeholder position များပါဝင်သည်။
Templates
Templates များသည် Application တိုင်းလိုလိုတွင် မရှိမဖြစ်အသုံးပြုနေကြသည်ဖြစ်ရာ Presentation တစ်ခုပြုလုပ်ရာတွင်လည်း Template သည်လည်းအရေးပါလှသည်။ ၎င်းသည် မိမိပြုလုပ်ဖန်တီး မည့် Presentation တိုင်းတွင် ပါဝင်မည့် အချက်အလက်များကို သိမ်းဆည်းသိုမှီးထားရာ File တစ်ခုဖြစ်ပြီး ၊ မိမိ Presentation တစ်ခုပြုလုပ်မည့်အခါတိုင်းတွင် အလွယ်တကူ ပြန်လည်ဖွင့်ကာ အသုံးပြုနိုင်သည်။
Template တစ်ခုကိုပြုလုပ်ဖန်တီးရန်အတွက် မိမိအသုံးပြုနေကျဖြစ်သော Text Setting များ၊ Placeholders များအပါအဝင် ၊ ကိစ္စရပ်အသီးသီးတို့ကို အရင်ဆုံး ဖန်တီးပြုလုပ်ထားရမည်ဖြစ်သည်။ မိမိပြုလုပ်နေကျအတိုင်းဖြစ်စေ၊ Slide Masters များကိုအသုံးပြု၍ဖြစ်စေ ပြုလုပ်ဖန်တီးပြီးပါက ၎င်း file ကို Template file အဖြစ် သိမ်းဆည်းထားရန်လိုအပ်ပါသည်။
မိမိလိုအပ်သည့် Setting များချမှတ်ပြီးသည် ဆိုပါက File Menu အတွင်းမှ Save as နှိပ်ပြီး Template တစ်ခုအဖြစ်ပြောင်းလဲ သိမ်းဆည်းနိုင်သည်။ အောက်ပါပုံကိုကြည့်ပါ။

Save as template

New Template
Template file အဖြစ်သိမ်းဆည်းလိုပါက PowerPoint template (*.potx) file အဖြစ် ရွေးခြယ်သိမ်းဆည်း ရမည်ဖြစ်ပြီး ။ ၎င်းကိုပြန်လည်အသုံးပြုလိုပါက Power Point ကို ဖွင့်လျှင် ဖွင့်ချင်း New ကဏ္ဍအတွင်းရှိ Personal Templates စာရင်းတွင် မိမိပြုလုပ်ထားသော Template Files များကို ရွေးချယ်ကာ ဖန်တီးနိုင်ပါလိမ့်မည်။
Template တစ်ခုကိုအသုံးပြုလိုလျှင် New ဖြင့်အသုံးပြုနိုင်ပြီး ၊ ၎င်းတို့ကိုပြုပြင်လိုလျှင် Open ဖြင့်ဖွင့်ကာ ပြုပြင်လိုသမျှပြုပြင်ပြီးပါက ၎င်း file ကို Save As ဖြင့် ပြန်လည်သိမ်းဆည်း ပေးရမည်ဖြစ်ပါသည်။
3.Graphical Objects
Creating Drawn Objects
Presentation တစ်ခုကိုဖန်တီးရာတွင် Graphical ပိုင်းဆိုင်ရာ ပုံများကို ဖန်တီးနိုင်ရုံသာမက၊ အခြားသော Graphic Formats အများအပြားကိုလည်း Import ထည့်သွင်းနိုင်သေးသည်။ Drawn Objects များကိုလည်း မိမိအလိုရှိသည့် ပုံစံများကို Shapes Tools များအကူအညီဖြင့် ရေးဆွဲနိုင်သလို လိုအပ်သည့် Effects များကိုလည်း Home Tab အတွင်းရှိ Drawing ကဏ္ဍတွင် ဖန်တီးပြုလုပ်နိုင်သည်။

Shapes Creation
၎င်းအပြင် အခြားသော Transparency effects များကိုလည်း ထည့်သွင်းပြုလုပ် နိုင်သလို 3D Effects များစွာကိုလည်း Shape Effects ကိုအသုံးပြုပြီး ဖန်တီးနိုင်သည်။
မိမိဖန်တီးထားသော Drawn Objects များဖြစ်သော Shapes Design များအတွင်းမှ Effects များကိုလည်း အခြားသော Drawn Objects များပေါ်သို့ Format Painter ကိုအသုံးပြုပြီး Effects များကို အလွယ်တကူ ကူးယူနိုင်သည်။

Format Painter
Formatting Pictures , Images
မိမိထည့်သွင်းထားသော ဓာတ်ပုံများကို လိုအပ်သော အလင်းအမှောင်၊ Contrast ၊ Color Adjustment ၊ Artistic Effects များကိုဖြစ်စေ၊ ထည့်သွင်းထားသော ပုံ၏ နောက်ခံ Background များကိုဖျက်လိုသည်ဖြစ်စေ ထည့်သွင်းထားသော ပုံကို Select ပြုလုပ်ပြီးနောက် ပေါ်လာသော Picture Tools ရှိ Format Tab တွင်ရှိသော Adjust ကဏ္ဍတွင် ဝင်ရောက်ပြုပြင်နိုင်ပါသေးသည်။

Adjustment Tools
Handling Graphical Objects
Graphical Objects များကိုကိုင်တွယ်ရာတွင် မိမိစိတ်ကြိုက် ရွေ့ပြောင်းနိုင်စေရန်အတွက် လိုအပ်သည့် Fridlines , Guides , Ruler များကို View tab အတွင်းရှိ သက်ဆိုင်ရာ Check box များကိုပိတ်/ဖွင့်ခြင်း ပြုလုပ် နိုင်သည်။
၎င်းအပြင် Snap အဖြစ်အသုံးပြုလိုပါကလည်း Snap objects to grid ကို Grid & Guides Setting တွင် ဝင်ရောက်ပြုလုပ်ထားနိုင်သည်။
ပုံများကို ရွေ့ရာတွင်လည်း Horizontal (သို့) Vertical Co-ordinate များဖြင့်နေရာ ချထားပြောင်းရွေ့လိုပါကလည်း ပုံကို Select ပြုလုပ်ပြီး ပေါ်လာသော Format Tab အတွင်းရှိ Size ကဏ္ဍတွင် ရှိသော Setting Dialog Box Launcher ကိုရွေးခြယ်ပြီး ပြောင်းလဲနိုင်ပါသေးသည်။

Size Icon

Position Box
ထပ်မံ၍ပုံပြင်ဆင်သည့်ပိုင်းဆိုင်ရာ များအတွက် လေ့လာထားသင့်သည်များမှာ မိမိထည့်သွင်းထားသော ပုံများကို ချုံ့ချဲ့ပြုလုပ်ရာတွင် Image Aspect များကို ပြောင်းလဲမှု မရှိစေရန်အတွက် Lock ချခြင်းများ၊ Crop ပြုလုပ်ခြင်းများ၊ Drawn Object တစ်ခုကို အခြားသော Graphic Format တစ်ခုသို့ ပြောင်းလဲခြင်းများ၊ Graphical Object တစ်ခုကို အခြားသော Application များတွင်အသုံးပြု နိုင်စေရန်အတွက် Export ပြုလုပ်ခြင်းများသည် လည်း အသုံးဝင်အရေးပါသည့်အတွက် ဆက်လက် လေ့လာထားသင့်ပါသည်။
4.Charts and Diagrams
ဤကဏ္ဍတွင် မိမိပြုလုပ်ဖန်တီးမည့် Presentation တစ်ခုအတွင်း Charts များနှင့် Diagrams များကို ထည့်သွင်းခြင်းများပါဝင်ပါသည်။ Presentation တစ်ခု၏ ဖော်ပြချက်များကို ရုပ်ပုံများနှင့်ဖြစ်စေ ၊ တိုးတက်မှု အလားအလာ၊ အညွှန်းကိန်းများကို Charts များဖြင့်လည်းဖော်ပြလေ့ရှိကြရာ လေ့လာထားသင့်သည့် ကဏ္ဍဖြစ်ပါသည်။
Excel ကဏ္ဍတွင် အသုံးပြုသကဲ့သို့ပင် Presentation တွင်လည်း မိမိထည့်သွင်းလိုသည့် Chart အမျိုးအစားကို Insert Tab အတွင်းရှိ Chart ကိုအသုံးပြုထည့်သွင်းနိုင်ပါသည်။ ၎င်းထည့်သွင်းထားသော Chart များအတွက် Data ထည့်သွင်းမှုကိုမူ ထည့်သွင်းလိုက်သော Chart ကို Select ပြုလုပ်ထားရုံနှင့်ပင် Excel windows ပေါ်လာကာ လိုအပ်သည့်အချက်အလက်များကို ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။အောက်ပါ ပုံကိုကြည့်ပါ။

Charts
ထည့်သွင်းလိုက်သည့် Chart နှင့်အတူ Excel Data sheet ပါ တစ်ပါတည်း ပေါ်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ Chart နှင့်ပတ်သက်သော Elements များကို ပြုပြင်ပြောင်းလဲလိုပါက Design Tab အတွင်းရှိ Add chart element ကိုအသုံးပြု၍ ပြုပြင်ဖန်တီးနိုင်ပါသည်။ပုံကိုကြည့်ပါ။

Chart Element
Chart types များကိုသတ်မှတ်ထားသည့် Data Series များနှင့်အညီပြုပြင်ပြောင်းလဲ လိုပါကလည်း Chart Tools Design Tab ရှိ Change Chart Type တွင် ပြုပြင်နိုင်ပါသည်။ Excel တွင်အဓိကအသုံးပြုသည့် ၎င်း Chart များသည် Excel အသုံးပြုခြင်း ကျွမ်းကျင်နားလည်ထားသူများအတွက် လွယ်ကူလျှင်မြန်စွာပင် ဖန်တီးပြုလုပ်နိုင်မည်ဖြစ်ပါသည်။
Diagrams
Built in options ကိုအသုံးပြု၍ဖြစ်စေ အခြားသော Drawing tools များဖြစ်သော Flowchart , cycle , pyramid များကိုအသုံးပြု၍ဖြစ်စေ Diagrams များကိုဖန်တီးပြုလုပ်နိုင်မည်ဖြစ်ပါသည်။
Process , Cycle (သို့) Pyramid များကို သက်ဆိုင်ရာ SmartArt များကို Insert Tab အတွင်းတွင် ဖန်တီးပြုလုပ်နိုင်ပါလိမ့်မည်။အောက်ပါပုံကို ကြည့်ပါ။

SmartArt Graphic
၎င်းအပြင် Flowchart အတွင်း လိုအပ်သည့် Connector များကိုထည့်သွင်းလိုပါကလည်း Insert Tab အတွင်းရှိ Illustration group အတွင်းရှိ Shapes များကိုအသုံးပြုဖန်တီးနိုင်ပါသေးသည်။ ၎င်းဖန်တီးထားသော Connector အမျိုးအစားများကို ပြုပြင်ပြောင်းလဲလိုပါကလည်း ၎င်း Connector ပေါ်တွင် Right Click နှိပ်ပြီး Connector types ကိုရွေးခြယ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။
5.Multimedia
Presentation တစ်ခုဖန်တီးတည်ဆောက်ရာတွင် Multimedia များဖြစ်သော Movies များ ၊ Sound များ၊ Animation များ ကိုလည်း ထည့်သွင်းနိုင်ပါသေးသည်။
Movies နှင့် Sounds များကိုထည့်သွင်းရန်အတွက် Insert Tab အတွင်းရှိ Video နှင့် Sounds ကိုရွေးခြယ်ပြီး ထည့်သွင်းနိုင်ပါသည်။ ၎င်းအပြင် Screen recording များကိုပါ ထည့်သွင်းဖော်ပြပေးနိုင်သဖြင့် အသုံးတည့်ပါသည်။

Insert Media
၎င်းထည့်သွင်းထားသော Video နှင့် Sound များအတွက် Automatically play နှင့် Mouse click play များအတွက်လည်း Video/Audio Tools Playback Tab အတွင်းရှိ Video/Audio option Drop down list အတွင်း ရွေးခြယ်နိုင်ပါသည်။
Animation များကို ထည့်သွင်းလိုပါက Animation Tab အတွင်းရှိ Add Animation ကိုအသုံးပြုပြီး ထည့်သွင်းဖန်တီး တည်ဆောက်နိုင်ပါသည်။ဖန်တီးထားသော Animation များအတွက် Effects များအတွက်လည်း Animation ကဏ္ဍအတွင်းရှိ Effects Options ကိုအသုံးပြုဖန်တီးနိုင်ပါသေးသည်။
၎င်းအပြင် Charts elements များကို Series အလိုက် Animation ပြုလုပ်ခြင်း၊ Category အလိုက်ဖြစ်စေ၊ Series အလိုက်ဖြစ်စေ Animation ပြုလုပ်ဖန်တီးနိုင်ပါသေးသည်။ ၎င်းတို့အားလုံးအတွက် Animation ကဏ္ဍအတွင်းရှိ Chart Animation Tab တွင်ပြုလုပ်နိုင်ပါသည်။
6.Enhancing Productivity
မိမိဖန်တီးထားသော Presentation တစ်ခုအတွင်းရှိ ပုံများ၊ စာအစိတ်အပိုင်းများ စသည်တို့အတွက် Link များနှင့် Embedding များပြုလုပ်နိုင်ပါသည်။ ၎င်းတို့ကို Insert Tab အတွင်းရှိ Hyperlink ကိုအသုံးပြုဖန်တီးနိုင်ပါသည်။
၎င်းအပြင် ပြင်ပ File တစ်ခုခုကို Presentation Slide အတွင်းသို့ Embed Object အဖြစ်ထည့်သွင်း အသုံးပြုလိုပါကလည်း Insert Tab အတွင်းရှိ Text ကဏ္ဍတွင်ရှိသော Object ကိုအသုံပြု ထည့်သွင်းနိုင်ပါသည်။ ထည့်သွင်းထားသော File တစ်ခုကို Icon အဖြစ်ဖော်ပြစေလိုလျှင်လည်း ထည့်သွင်းစဉ်ကတည်းက Display as icon ကို အမှန်ခြစ်ပေးထားခဲ့နိုင်ပါသည်။အောက်ပါပုံကိုကြည့်ပါ။

Insert Object
မိမိဖန်တီးထားပြီးသား Slides များကို လက်ရှိဖန်တီးနေသော Presentation file အတွင်းသို့ ပြန်လည် ထည့်သွင်းအသုံးပြုလိုပါကလည်း Home Tab ရှိ New Slide တွင်ပါရှိသော Down-arrow ကို နှိပ်ပြီး Reuse Slide ကိုအသုံးပြုဖန်တီးနိုင်သည်။ Reuse ကိုရွေးခြယ်ပြီးနောက် မိမိထည့်သွင်းလိုသည့် Slide ရှိသော File ကို Browser ဖြင့်ရွေးခြယ်ကာ ပြန်လည်အသုံးပြုနိုင်ရန်ထည့်သွင်းနိုင်ပါသည်။ အောက်ပါပုံကိုကြည့်ပါ။

Reuse Slide Box
၎င်းအပြင် Word-Processing ဖြင့်ပြုလုပ်ဖန်တီးထားသော Outline များကို လက်ရှိ Slide အတွင်းသို့ ထည့်သွင်းဖန်တီးလိုပါကလည်း Home Tab အတွင်းရှိ New slide down-arrow ကိုရွေးခြယ်ပြီး ၎င်းအတွင်းရှိ Slide from Outline ကိုအသုံးပြုပြီး မိမိ Outline အဖြစ်အသုံးပြုလိုသည့် File ကိုရွေးခြယ်ထည့်သွင်းနိုင်သည်။

Outline
Exporting အနေဖြင့် မိမိပြုလုပ်ဖန်တီးထားသော Slide တစ်ခုလုံးကိုဖြစ်စေ၊ အတွင်းမှ တစ်ခုခုကိုဖြစ်စေ ပြင်ပ Format များအဖြစ် Export ပြုလုပ်ဖန်တီးနိုင်သည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် မိမိ Export ပြုလုပ်လိုသော Slide ကို Select ပြုလုပ်ပြီး F12 ကိုနှိပ်ကာ Export ပြုလုပ်လိုသည့် File အမျိုးအစားကို Save as type list အတွင်းတွင်ရွေးခြယ်ကာ ပြုလုပ်ဖန်တီးနိုင်ပါသည်။
7.Managing Presentation
Presentation တစ်ခုဖန်တီးမှုပြီးစီးပြီဆိုပါက ၎င်းကို Finalize ဖော်ပြမှုများအတွက် လိုအပ်သည့်အချက် များကိုပြင်ဆင်ထားရှိရမည်ဖြစ်ပါသည်။ Presentation အတွက်ပြင်ဆင်ထားရှိသော Slide အားလုံးထဲမှ အချို့သော Slide များကိုသာ သီးသန့်ပြသနိုင်ရန်အတွက်လည်း Custom Slide show အဖြစ်အမည်ပေးကာ သတ်မှတ်ထားနိုင်မည်ဖြစ်ပါသည်။ ထိုသို့သတ်မှတ်နိုင်ရန်အတွက် Slide Show Tab မှ Start Slide Show Group အတွင်းရှိ Custom Slide Show ကိုရွေးခြယ်ကာ ၎င်းတွင် မိမိပေးလိုသော အမည်ကိုပေး၍ Slide များကို ထည့်သွင်းသတ်မှတ်ထားနိုင်ပါသည်။အောက်ပါပုံကိုကြည့်ပါ။

၎င်းနောက်တွင် Transition များသတ်မှတ်ခြင်း၊ Transition များ၏ကြာချိန်သတ်မှတ်ခြင်းများ နှင့် Slide တစ်ခုနှင့် တစ်ခုအကြား ကြာချိန်များ၊ Automatically သွားခြင်းနှင့် Mouse Click ပေး၍သွားခြင်း စသည့် ပြသခြင်းဆိုင်ရာများကိုလည်း သတ်မှတ်ထားရမည်ဖြစ်ပါသည်။ ပြင်ဆင်မှုများအတွက် Slide Show Tab အတွင်းရှိ Setup Slide Show ကဏ္ဍတွင် ပြင်ဆင်ထားနိုင်မည်ဖြစ်ပါသည်။

Setup Slide Show
Slide show ပြသနေစဉ်အတွင်း Pen (သို့) Pointer ကိုအသုံးပြုပြီး လိုအပ်သည့် Annotation များကိုဖန်တီးလိုပါက Start Slide Show ကိုနှိပ်ပြီး Slide ပြသနေစဉ် လိုအပ်သည့် Slide ပေါ်တွင် Right Click နှိပ်ပြီး Pointer Options ရှိ Pen , Laser Pointer , Highlighter တို့ကိုလည်း အသုံးပြုနိုင်ပါသေးသည်။

Painter Option
Presentation ပြသနေစဉ်အတွင်း Screen ကို Black (or) White Screen အဖြစ်ပြောင်းလဲပြီး Pause ပြုလုပ်ခြင်းများ End ပြုလုပ်ခြင်းများကိုလည်း Right click menu အတွင်းရှိ Screen တွင်ဝင်ရောက် ပြောင်းလဲလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
Presentation နှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များနှင့်အသုံးချပုံများသည်လည်း များပြားလှသည်ဖြစ်ရာ အထက်ဖော်ပြပါအချက်များကို သိရှိနားလည်ပိုင်နိုင်ထားရမည်ဖြစ်ပါသည်။ သိရှိ နားလည်ထားပြီးသားဖြစ်ပါက လုပ်ငန်းခွင်ဝင်ရောက်ရာတွင်ဖြစ်စေ ECDL/ICDL International Exam ဝင်ရောက်ဖြေဆိုလိုသည်ဖြစ်စေ လွယ်ကူစေရန် ဖော်ပြလိုက်ရပါသည်။
အောင်ပြည့်ဖြိုး (PHYO Training Institute)