“Google User များအတွက် Contact များ Backup ပြုလုပ်ခြင်း”

Internet Journal Vol.18, No.11, March 13,2017 Written By Aung Pye Phyo Google user ဟုဆိုလိုက်သည်နှင့် Gmail အသုံးပြုသူများပါဝင်ပါသည်။ Gmail Account တစ်ခုသည် Google ၏ Account ပင်ဖြစ်ပြီး အတူတူပင်ဖြစ်သည်ကို သိရှိထားရန်လိုအပ်ပါသည်။ ယနေ့ခေတ်တွင် Online အသုံးပြုမှုတွင်ကျယ်လာသည်နှင့်အမျှ လူတိုင်းကိုယ်စီတွင် အနည်းဆုံး Google Account တစ်ခုစီရှိကြပြီး ဖြစ်ပါလိမ့်မည်။ ထို့အတွက် Gmail Account တစ်ခုဖြင့် အသုံးပြုနိုင်သည့် ကဏ္ဍများကို သိရှိထားရန်လိုအပ်ပါသည်။ ထိုအသုံးပြုနိုင်သည့် Features များကိုလည်း ယခင် Learning Hub ကဏ္ဍများတွင် ဖော်ပြပေးခဲ့ပြီးလည်းဖြစ်ပါသည်။ ထပ်မံ၍သိရှိလိုသူများအတွက် အောက်ပါပုံ ကို ကြည့်ရှုနိုင်ပါသည်။ Google Products များပြားလှစွာသော Google Products များကို Google Account ဖြင့်ပင် အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်ဖြစ်ရာ မိမိအတွက်အသုံးတည့်မည့် အချက်များကို ဆက်လက်လေ့လာကြည့်ပါမည်။ ဖုန်းနံပါတ်များ Backup ပြုလုပ်ခြင်း ယနေ့ခေတ် ဖုန်းအသုံးပြုသူ အများစုကြုံတွေ့နေရသည့်အချက်မှာ ဖုန်းပျောက်ခြင်း၊ ပျက်ခြင်း၊ Reset ပြုလုပ်ခြင်း စသည်များကြောင့် ဖုန်းအတွင်းရှိ Data များ ပျက်စီးဆုံးရှုံးရခြင်းများစွာ ကြုံတွေ့နေရသည်များ တွင် တစ်ခုအပါအဝင်ဖြစ်သော ဖုန်းနံပါတ်များ ပျက်ခြင်းပင်ဖြစ်သည်။ Google Account တစ်ခုကို ဖုန်းအတွင်း ထည့်သွင်းထားရုံဖြင့် မိမိ၏ ဖုန်းအတွင်းရှိ အရေးကြီးသော ဖုန်းနံပါတ်များကို Google Server တွင် Backup ပြုလုပ်ထားနိုင်မည်ဖြစ်ပါသည်။ ထို့အတွက် မိမိအလိုရှိသည့်အချိန် အချိန်မရွေး ကြိုက်နှစ်သက်သည့် ဖုန်းအမျိုးအစားတစ်ခုတွင် Google Account ဝင်လိုက်သည်နှင့် အလိုအလျောက် ဖုန်းအတွင်းသို့ ပြန်လည်ထည့်သွင်းပေးနိုင်မည်ဖြစ်သဖြင့် အသုံးပြုထားသင့်သည့် Features ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် အသုံးပြုသူတွင် Google Account ရှိထားရန်လိုပါသည်။ Android user များအတွက် ဦးစွာ မိမိဖုန်း၏ Setting>Account သို့သွားရန်လိုအပ်ပြီး Add Account ကိုနှိပ်ကာ Google ကိုရွေးချယ်ပြီး Account ထည့်သွင်းပေးပါ။ ထည့်သွင်းခြင်းပြီးဆုံးပါက အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်ပါသည်။ Android Account Setting ၎င်းနောက် Google ကိုရွေးချယ်လိုက်ပြီး ၎င်း Account ဖြင့် Synchronize ပြုလုပ်ပေးမည့် အချက်များကို ကြည့်ရှုနိုင်ပါသည်။ အောက်ပါပုံကို ကြည့်ပါ။ Sync Setting ၎င်းတွင် မိမိထည့်သွင်းထားလိုက်သည့် Google Account တစ်ခုဖြင့် လုပ်ဆောင်ပေးနိုင်သည့် အချက်များကို မြင်တွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ ထည့်သွင်းထားပြီးဖြစ်ပါက မိမိ၏ အရေးကြီးအချက်အလက်များအားလုံး Google Server တွင်သိမ်းဆည်းထားပြီး ဖြစ်ပါလိမ့်မည်။ သို့သော် Sync တွင် အမှန်ခြစ် ခြစ်ထားရန်တော့ လိုအပ်ပါသည်။ ၎င်း Contacts များအားလုံးကို Gmail အသုံးပြုနေစဉ်အတွင်း Contacts ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး လိုအပ်သလို ထည့်သွင်းပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်သလို အလိုအလျောက်လည်း မိမိဖုန်းအတွင်းတွင် Update ဖြစ်သွားမည်ဖြစ်ပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် မိမိဖုန်းကို အသုံးမပြုတော့ပါက Google Account ကိုဖုန်းအတွင်းမှ ထွက်လိုက်သည်နှင့် မိမိနှင့်သက်ဆိုင်သည့် Data များသည်လည်း အလိုအလျောက် ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မည်။ Contacts in Gmail Gmail ကို ကွန်ပျူတာအတွင်းမှ ဝင်ရောက်ပြီး ညာဘက်အပေါ်ထောင့်ရှိ Gmail စာသားဘေးတွင်ရှိသော Drop down arrow ကိုနှိပ်လိုက်ပါက အခြားသော ကဏ္ဍများပေါ်လာပါလိမ့်မည်။ ၎င်းတွင် Contacts ကိုရွေးချယ်ပြီး မိမိသိမ်းဆည်းထားသည့် Contacts များကို ကြည့်ရှု ပြုပြင်နိုင်ပါသည်။ Contacts များကို ထပ်မံထည့်သွင်းလိုပါက Add contact Tool အသုံပြု ထည့်သွင်းနိုင်ပါသည်။ သို့မဟုတ်ပါက ဘယ်ဘက်အခြမ်းတွင်ရှိသော “New Contact" ကိုလည်း အသုံးပြုဖြန်တီးနိုင်ပါသည်။ အောက်ပါပုံကို လေ့လာကြည့်ပါ။ မိမိရေးသွင်းလိုသည့် အမည်ကို ရိုက်ထည့်ပြီး “Add” ကိုနှိပ်ကာ Contact အသစ်ရေးသွင်းနိုင်ပါသည်။ ၎င်းနောက် ရေးသွင်းထားသော Contact အတွက် သက်ဆိုင်ရာ အမည်၊ ဖုန်းနံပါတ်များနှင့် အခြားသောအချက်အလက်များအတွက် ၎င်း ကို ကလစ်နှိပ်ပြီး ဖြည့်သွင်းနိုင်ပါသည်။ အောက်ပါ ပုံကို လေ့လာကြည့်ပါ။ ၎င်းတွင် မိမိသတ်မှတ်ပေးလိုသည့် အမည်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်နှင့် အခြားသော အချက်အလက်များကို ရေးသွင်းနိုင်ပါသည်။ ထပ်မံ၍ထည့်သွင်းလိုသည့် အချက်အလက်များအတွက် “Add” ကိုနှိပ်ပြီး ရေးသွင်းနိုင်ပါသည်။ Contacts များအားလုံးကို သက်ဆိုင်ရာ အုပ်စုအလိုက်မှတ်တမ်းထားနိုင်ပြီး Group ဖွဲ့စည်းထားလိုပါကလည်း ဘယ်ဘက် Menu တွင်ရှိသော “New Group” ကိုအသုံးပြုဖန်တီးထားနိုင်ပါသည်။ အောက်ပါပုံများကိုလေ့လာကြည့်ပါ။ မိမိဖန်တီးလိုက်သော Group အသစ်ကို ဘယ်ဘက်အခြမ်းတွင် တွေ့မြင်ရမည်ဖြစ်ပြီး ထည့်သွင်းလိုသည့် Contacts များကို အမှန်ခြစ်ပြုလုပ်ကာ ထို Group အတွင်းသို့ ထည့်သွင်း သိမ်းဆည်းနိုင်ပါသေးသည်။ အထက်ဖော်ပြပါအချက်အလက်များသည် Google Account ကိုအသုံးပြုသူများအတွက်သာဖြစ်ပြီး Android နှင့် iOS အသုံးပြုသူများအားလုံး အကျုံးဝင်ပါသည်။ Android ဖုန်းများအသုံးပြုသူများအတွက်လည်း Google မှ Support ပြုလုပ်ပေးထားသည့် Services များစွာရှိသည့်အနက်မှ အထက်ဖော်ပြပါ Contact service သည် များစွာအသုံးတည့်ပါလိမ့်မည်။ ထပ်မံ၍လည်း အခြားသော အသုံးတည့် Services များကိုလည်း ဆက်လက် ဖော်ပြပေးသွားပါမည်။ အောင်ပြည့်ဖြိုး (PHYO Training Institute)

Contact Us ( Main Office)

No.16, 1st floor, Aung Taw Mu Street, Myaynigone,

Sanchaung Township, Yangon, Myanmar.

Email: enquiry@phyo.org

Hotline : 09427791205

  • Twitter B&W
  • Facebook B&W
  • Google+ B&W
  • Instagram B&W

We Accept

  • Facebook
  • Twitter
  • YouTube
  • Instagram

© 2020  Copyright by PHYO Training Institute