3Ds Max (Advanced Rendering) V-ray Course

3Ds Max (Advanced Rendering) V-ray Course

K200,000.00Price

Advanced Rendering with V-ray course
-------------------------------------------------
֍֍֍ဘယ်လိုလူတွေ တက်ရောက်နိုင်သလဲ?
---------------------------------------------------
3Ds Max ကိုအခြေခံရှိပြီးသူများ၊ Professional Visualization ပိုင်းကို နားလည်တတ်ကျွမ်းလိုသူများ၊ Architect များ၊ 3D Designer များနဲ့ လုပ်ငန်းခွင်အတွင်း ဝင်ရောက်နေပြီးသူများ တက်ရောက်နိုင်ပါတယ်။

֍֍֍ဘာတွေရည်ရွယ်ထားသလဲ?
----------------------------------------
Professional Designer ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် Modeling သာမက Rendering ပိုင်းကိုလည်း ပိုင်နိုင်ကျွမ်းကျင်ဖို့လိုပါတယ်။ Model ဘယ်လောက်ပဲကောင်းကောင်း Visualization ဖန်တီးမှုပိုင်းမှာ အားနည်းနေရင်တော့ ကောင်းမွန်လှပတဲ့ ပုံတစ်ခု ထွက်လာမှာမဟုတ်ပါဘူး။ ဒါကို ဖြည့်ဆည်းပေးဖို့ရည်ရွယ်ပြီး Advanced Rendering with V-ray Course ကို PHYO Training Centre က ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။

֍֍֍သင်တန်းတက်ဖို့ဘာတွေလိုအပ်သလဲ?
------------------------------------------------
3Ds Max Modeling ပိုင်း ပိုင်နိုင်ကျွမ်းကျင်ပြီးသားဖြစ်ရပါမယ်။ ဒီ Course က V-ray Specialize သီးသန့် သင်ကြားမှာ ဖြစ်တဲ့အတွက် Modeling ပိုင်း မပါဝင်ပါဘူး။ ကိုယ်တိုင်က Max ကို Touching ရှိနေတယ်။ V-ray Rendering ပိုင်းကို ပိုမိုကောင်းမွန်အောင် လေ့လာချင်တယ်ဆိုတဲ့သူတွေအတွက်ပါ။တကယ်လို့ Modeling ပိုင်း မပိုင်နိုင်သေးဘူးဆိုရင်တော့ PHYO Training Centre မှာ ဖွင့်လှစ်သင်ကြားနေတဲ့ Professional Course ကို တက်လို့ရပါတယ်။

֍֍֍ဘယ်လိုဆရာတွေက ဘယ်လိုနည်းစနစ်နဲ့ သင်မှာလဲ?
---------------------------------------------------------------
အစိုးရ Project တွေ၊ Animation Projects တွေကို ရေးဆွဲပေးနေပြီးတော့ Modeling ပိုင်းနဲ့ Visualization ပိုင်း ပိုင်နိုင်ကျွမ်းကျင်ပြီးသားဆရာတွေက သင်ကြားပေးမှာပါ။ Projection Method တွေအပြင်၊ Team work methods ၊ Critical Thinking ၊ Error Management Method တွေနဲ့ပါသင်ကြားပေးမှာပါ။ သင်ကြားတဲ့ပုံစံအသေးစိတ်နဲ့ ဆရာတွေရဲ့ကျွမ်းကျင်မှုကိုတော့ အနီးအနားမှာရှိတဲ့ တက်ဖူးတဲ့သူတွေကို မေးကြည့်ရင်လည်း သိနိုင်ပါတယ်။ အဓိကကတော့ တစ်ဦးချင်းစွမ်းရည်တိုးတက်ဖို့ ရည်ရွယ်ပြီးတော့ မိသားစုပုံစံနဲ့ သင်ကြားပေးမှာပါ။ Photoshop Effects မပါဝင်ဘဲ ကောင်းမွန်လှပတဲ့ ပုံရိပ်ဖန်တီးခြင်းတွေကို လေ့လာရမှာပါ။

֍֍֍ဘာတွေသင်ကြားပေးမှာလဲ?
---------------------------------------
V-ray ရဲ့ Special Features တွေအပြင် အောက်ပါ Outline အတိုင်း သင်ကြားပေးမှာပါ။ Exterior Rendering သာမက Interior Rendering ပိုင်းတွေကိုပါ သင်ကြားရမှာပါ။ Outline ကိုလည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

1. Vray Physical Camera ဖန်တီးတည်ဆောက်ခြင်းအကြောင်းတွေ

2. Vray HDRI ကိုအသုံးပြုပြီး ပကတိပြင်ပအတိုင်း ပုံရိပ်တွေကို ဖန်တီးခြင်းတွေ၊

3. Vray Fur ကိုအသုံးပြုခြင်းတွေ၊

4. Camera match နဲ့ ပြင်ပ ပုံရိပ်တွေနဲ့ ထပ်တူအမြင်ကျအောင်ဖန်တီးခြင်းတွေ၊

5. Panorama 360 Degree ပုံရိပ်တွေကို ဖန်တီးခြင်းတွေ၊

6. Vray Advanced Texture Maps တွေအကြောင်း၊ ကိုယ်တိုင်ဖန်တီးတတ်အောင်သင်ကြားခြင်းတွေ၊

7. Advanced Vray Materials အကြောင်းတွေ၊

8. Advanced Lighting System တွေဖြစ်တဲ့
a. Vray Lights တွေနဲ့
b. Photometric Lights တွေအကြောင်းအပြင်

9. Antialiasing Methods တွေအကြောင်းမှာ မပါမဖြစ်တဲ့
a. Texture antialiasing
b. G-Buffer based antialiasing
c. Randomized antialiasing
d. Antialiasing filters and moire effects
စတဲ့ အကြောင်းအရာတွေနဲ့ ဖန်တီးပုံ

10. Advanced Rendering Methods တွေအဖြစ်နဲ့
a. Network Rendering လို့ခေါ်တဲ့ Computer တွေအများကြီး နဲ့ ချိတ်ဆက် Render ပြုလုပ်ခြင်းတွေ။
b. Bucket Rendering အကြောင်းတွေ
c. Realistic Environment ထည့်သွင်းတည်ဆောက်ခြင်းတွေ

11. Time Reduced-Special Rendering လို့ခေါ်တဲ့ အချိန် အနည်းငယ်ပေးရုံနဲ့ ကောင်းမွန်လှပတဲ့ Professional ပုံရိပ်ရရှိအောင် Render ချတဲ့ Secret နည်းလမ်းတွေအကြောင်း တွေကိုလည်း လေ့လာကြရမှာပါ။

12. နောက်ဆုံးအနေနဲ့ Computer Performance ကိုလိုသလိုအသုံးချပြီး Specialized Rendering ပြုလုပ်နိုင်တဲ့ နည်းစနစ်တွေအပြင်၊ Render ပြုလုပ်မယ့် Computer တစ်လုံးကို ဘယ်လိုတွေ System Setting ပိုင်းပြုပြင်ထားရမလဲဆိုတဲ့အချက်တွေကိုပါ လေ့လာသိရှိနိုင်ဦးမှာပါ။


တစ်ခြားသော လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ ထောက်ပံ့ပေးသွားဦးမှာလည်း ဖြစ်ပါတယ်။
ဒီထက်မကတဲ့သင်ကြားမှုပေါင်းများစွာကိုလည်း ရရှိကြဦးမှာဖြစ်ပါတယ်။
တခြားဝန်ဆောင်မှုတွေကကော?
သင်တန်းကျောင်းတစ်ခုရဲ့ မရှိမဖြစ်ပေးနေကျ ဝန်ဆောင်မှုတွေဖြစ်တဲ့ Coffee, Tea , Cold Drink , Wifi Access , Learning DVDs, Note book , Bag , Pen စတဲ့ အခြေခံပစ္စည်းအားလုံးကို ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။ သင်တန်းကာလအားဖြင့်ကတော့ (၂)လ ခန့် ကြာမြင့်မှာဖြစ်ပါတယ်။

    Contact Us ( Main Office)

    No.16, 1st floor, Aung Taw Mu Street, Myaynigone,

    Sanchaung Township, Yangon, Myanmar.

    Email: enquiry@phyo.org

    Hotline : 09427791205

    • Twitter B&W
    • Facebook B&W
    • Google+ B&W
    • Instagram B&W

    We Accept

    • Facebook
    • Twitter
    • YouTube
    • Instagram